Featured

illustrations

သူလိုချင်တဲ့ ပုံစံ ရဖို့ ငါးစာချကျွေးတာနော်။
အိမ်က ကလေးတွေကို ကျောင်းမှာ သချာင်္ သင်တဲ့ စနစ်က common core ပါ။ အဲဒါ classic – သချာင်္ တွက်နည်းစတိုင်ပါ။ အဖြေ ကို တိုက်ရိုက် မထွက်ဘူး။ ဒဲ့ ကြီး အဖြေ ကို မထွက်ဘူး။ သွယ်ဝိုက်ပီး အဖြေ ထွက်တာပါ။
အဲဒါကို ဒီကနေ့ City မြို့ ပေါ်မှာ နေထိုင်သော လူများ နှင့် အချိန်ကို လုပီး သုံးနေရသော လူ့ အသိုင်းအဝိုင်းမှာ အဲဒီ ရှေးဆန်သော သချာင်္ သင်ကြားမှု့ကို ဒီကနေ့ အမေရိကားမှာ ကန့်ကွက်ကြပါတယ်။
စင်ကာပူ၊ အိန္ဒိယ တော့ တရုတ်ပေသီး တွက်နည်းကို ကလေးတွေ ငယ်ငယ်ကတည်းက တတ်ဖို့ သူငယ်တန်း အရွယ်မှာကတည်းက တရုတ်ပေသီး သချာင်္ တွက်နည်း ကျုရှင် သွားတက်ကြပါတယ်။ အမေရိကားက လူတွေကတော့ common core သချာင်္သင်နည်းစနစ် ကို ကန့်ကွက်ကြပါတယ်။
သူ့ ရဲ့ သင်ကြားမှုစနစ် ရည်ရွယ်ချက် တွေ အများကြီးဘဲ။ ကိုယ် သိသလောက်က
ငယ်ငယ်ကတည်းက ဦးနှောက်ကို brain storming လုပ်ခိုင်းသွားတာ။ ဒဲ့ စဉ်းစားတာ။ အဖြေတွက်တက်တာ လူပိန်း နှင့် လူသာမာန်တွေ လုပ်လေ့လုပ်ထ ရှိသည့် စတိုင် …
သွယ်ဝိုက်ပီး စဉ်းစားသွားတာ စဉ်းစားပုံ စဉ်းစားနည်းကို ငယ်စဉ်မှာကတည်းက သချာင်္တွက်ရင်း ဦးနှောက်ကို လေ့ကျင့်ပေးသွားတာပါ။

( အိမ်မှာတော့ ကလေးတွေကို ကျောင်းမှာ သင်ရသော common core လည်း သင်ရင်း ဒီကနေ့ခေတ် အထာလည်း သင်ပေးရင်းပေါ့။ အရာရာမှာ အသေးစိတ် လိုက်ပီး စဉ်းစားမနေအောင်လည်း သင်ရပါသေးတယ်။ သေးသေးဖွဲဖွဲလေးတွေကို လိုက်ခံစား မနေတတ်အောင်ပါ။ )

common sense ကတော့ ဘဝ အတွေ့အကြုံတွေကနေ သိလာတဲ့ အတွေ့အကြံု နှင့် အကြားအမြင်ပါ။ ဒါကြောင့် သူများ ဘဝတွေလည်း လိုက်ကြည့်ခိုင်းတယ်။ သူများအတွေ့အကြံုကနေ သင်ခန်းစာ ယူတတ်မှ common sense ကောင်းနိုင်မှာပါ။

 

Featured

ခွင့်မပြုနှင့်

စိတ်သဘောထားမမှန်သောသူများကြောင့် အချိန်ကုန်မခံပါနှင့်။

စိတ်သဘောထား သေးသိမ်သောလူတွေဟာ မင်းကို … စိတ်ဓာတ်ညိုးငယ်သွားအောင်၊ မင်းကို အပြစ်မရှိ အပြစ်ရှာပီး ( မင်းကိုမင်း အပြစ်ရှိသူလို့ ထင်လာအောင် … မင်းရဲ့စိတ်ကို သိမ်ငယ်သွားအောင် အပြစ်တင် စွတ်ဆွဲ ပြောဆိုတတ်ကြတယ်။

အဲဒီလူတွေ Negative attitude ( စိတ်ကောင်းမရှိသူ – စိတ်သဘောထား သေးသိမ် ညံ့ဖျင်းသူများကို ) မဖျော်ဖြေပါနှင့်။

စိတ်သဘောထားသေးသိမ် ညံ့ဖျင်းသူများဟာ မင်းရဲ့ ပျော်ရွှင်မှုတွေကို ခိုးယူသွားတတ်တယ်။

**** ပျော်ရွှင်မှု့တိုင်းကို ခံစားပျော်ရွှင်နိုင်ပါစေ …

Featured

မုန့်ဟင်းခါး

blog မှာ ပိုစ့် မတင်ဖြစ်တာ ကြာနေပြီမို့ …
ဘလော့လည်း အသက်သွင်းရင်း …
ဘာရေးရမှန်းလည်း မသိဖြစ်ရင်း …
ထုံးစံ အတိုင်း ဓာတ်ပုံပဲ တင်လိုက်ပါတယ်။ …

ဓါတ်ပုံကတော့ …

 မုန့်ဟင်းခါး ….

 

မုန့်ဟင်းခါးကို ကော်ဖီခါး နှင့် တွဲစားရတာ အကြိုက်ဆုံးပါ ….

 

 

 

 

 

 

 

 

 

 

 မုန့်ဟင်းခါး ချက်နည်းက ဟိုးအရင်ကတည်းက ချက်နည်း အဆင့်ဆင့် ဓါတ်ပုံများနှင့် ရေးပေးပြီးပြီမို့ မရေးတော့ဘူးနော် …

ဒီနေ့  … စိတ်ပြေ လက်ပျောက် …

ရှုပ်ထွေးနေသော ဖေ့ဘွတ်ကနေ .. ရှောင်ရင်း

ဘလော့ပေါ် မျက်စိလည်လာတာပါ …

ဘလော့မိတ်ဆွေများရဲ့ ဘလော့တွေကိုလည်း လာလည်ပါအုံးမည်။

လောလောဆယ်တော့ မအားသေးတာမို့ ဘလော့ မလည်ဖြစ်တာ နှစ်နှင့် ချီ ကြာနေပါပြီ …

၂၀၀၈ကတည်းက ဘလော့ကို နေ့တိုင်း အိမ်လည်တတ်တယ်။ ကွန်မန့်သာ မချန်တတ်တာ သူများဘလော့ပိုစ့်တွေ တော်တော်များများ ဖတ်ဖြစ်တယ်။

အခုနောက်ပိုင်း ဖေ့ဘွတ် ဂိမ်း ကစားရင်းနှင့် ဖေ့ဘွတ် တစ်ခု နှင့်သာ အချိန်ကုန်နေတာမို့ ဘလော့ကို မသုံးဖြစ်တာ တော်တော်လေးကို ကြာနေပါပြီ …

ဒီသီချင်းက ကိုယ့် အခု ရက်ပိုင်း အရမ်းကြိုက်လို့ အချိန်တိုင်း နားထောင်ဖြစ်နေသော သီချင်း …

ကိုယ်နေချင်တာ အဲဒီလို Life မျိုးပါ …

~(˘▾˘~) ~(˘▾˘)~ (~˘▾˘)~

Well open up your mind and see like me

♬♪♫ ヾ(*・。・)ノ ♬♪♫

Open up your plans and damn you’re free

ヽ(* ̄o ̄*)ノ♩♫♪

Look into your heart and you’ll find love love love love

ヽ( °◇°)ノ

Listen to the music of the moment people, dance and sing


♫♪♩ヾ(*◎○◎)ノ♫♪♩

We’re just one big family

(∫˘▽˘)∫

And it’s our God-forsaken right to be loved loved love love

♬♫♪◖(●◡●)◗♪♫♬
So I won’t hesitate no more, no more
It cannot wait, I’m sure
There’s no need to complicate, our time is short
This is our fate, I’m yours
ヽ( °◇°)ノ
♬♫♪◖(●◡●)◗♪♫♬

My favorite song : Jason Marz – I’m Yours
 
Well you done me and you bet I felt it
I tried to be chill but you’re so hot that I melted
Before the cool done run out I’ll be giving it my bestest
And nothing’s going to stop me but divine intervention
I reckon it’s again my turn to win some or learn some
But I won’t hesitate no more, no more
It cannot wait, I’m yours

Well open up your mind and see like me
Open up your plans and damn you’re free
Look into your heart and you’ll find love love love love
Listen to the music of the moment people, dance and sing
We’re just one big family
And it’s our God-forsaken right to be loved loved love love
So I won’t hesitate no more, no more
It cannot wait, I’m sure
There’s no need to complicate, our time is short
This is our fate, I’m yours
D-d-do do you, but do you, d-d-do
But do you want to come on
Scooch on over closer dear
And I will nibble your ear
I’ve been spending way too long checking my tongue in the mirror
And bending over backwards just to try to see it clearer
But my breath fogged up the glass
And so I drew a new face and I laughed
I guess what I be saying is there ain’t no better reason
To rid yourself of vanities and just go with the seasons
It’s what we aim to do, our name is our virtue
But I won’t hesitate no more, no more
It cannot wait, I’m yours
Open up your mind and see like me
(I won’t hesitate)
Open up your plans and damn you’re free
(No more, no more)
Look into your heart and you’ll find that the sky is yours
(It cannot wait, I’m sure)
So please don’t please don’t, there’s no need
(There’s no need to complicate)
There’s no need to complicate
(Our time is short)
Our time is short
(This is our fate)
This is, this is, this is our fate
I’m yours
Oh, I’m yours
Oh, I’m yours
Oh, whoa, baby you believe I’m yours
You best believe, best believe I’m yours
Featured

ဖွယ်ဖွယ်ရာရာ စားသောက်စရာ

မုန့်ဟင်းခါး ( ဟင်းရည် မထည့်မှီ )

အခုတလော ချက်စားဖြစ်သော အစားအသောက်များ ဘလော့မှာ ပိုစ့်တင်လိုက်ပါတယ်။ မနက်ဖြန် အတွက် ချောကလက်ကိတ်မုန့် နှင့် ချိစ့်ကိတ်မုန့်ဖုတ်ပြီးသွားပြီ။ မနေ့က သွားဆေးခန်း သွားတယ်။ လတ်တလော ကလေးများ ကစားကွင်း၊ စာကြည့်တိုက်၊ ရေကူးကန်၊ စက်ဘီးစီး၊ ကြက်တောင်ရိုက် အားကစားတစ်ခုခု လုပ်ရင်း ဂိမ်းတွေ ဆော့ဖြစ်တယ်။ မိသားစု အမှတ်တရလေးတွေကို ဖေ့ဘွတ်မှာလည်း ပိုစ့်တင်ရင်း ဘလော့မှာ ပိုစ့်မှန်မှန်တင်ဖို့ ကိုယ့်ကိုကိုယ် အားပေးဖြစ်ပါတယ်။ ဘလော့က မှတ်တမ်းစီပုံ စီနည်း သေသပ် လှပတယ်။ စနစ်တကျရှိတယ်။ ဖေ့ဘွတ်မှာကျတော့ လတ်တလော နှင့် အသစ် ကိုပဲ ဦးစားပေး ဖတ်ချင်တယ်။ အဟောင်းတွေကို သိပ်စိတ်၀င်စားမှုမရှိဘူး။ ဘလော့ကျတော့ အဟောင်းတွေကို ပြန်ဖတ်လည်း ဖတ်ချင်စရာ ကောင်းတယ်။ မှတ်တမ်း သိမ်းထားပုံ သိမ်းထားနည်းလည်း စနစ်တကျရှိတာမို့ ဘလော့ကို ပိုသဘောကျတယ်။ ဖေ့ဘွတ်မှာက လူစုံတယ်။ ဘလော့က လူနည်းတယ်။

နောက်ပိုင်း ဘလော့မှာ မှတ်တမ်းမှတ်ရာလေးတွေကို နေ့တိုင်း ပုံမှန်ရေးဖြစ်နေမှာပါ။ 

၀က်သား မျှစ်ချဥ်

၀က်ခြေထောက်ဟင်းရည်

ရှမ်းခေါက်ဆွဲ နှင့် ၀က်ခြေထောက်ဟင်းရည်

ရှမ်းခေါက်ဆွဲ

မနက်စာ ရှမ်းခေါက်ဆွဲ နှင့် ၀က်ခြေထောက်စွပ်ပြုတ်

ရှမ်းခေါက်ဆွဲ

မနက်စာ ကင်ချီ ခေါက်ဆွဲပြုတ် နှင့် ကော်ဖီခါးခါး

စပါးလင် ငါးခူဆီပြန်ချက်

မုန့်ဟင်းခါး နှင့် အ ကြော်စုံ

ပါးပါးလှီးထားသော ကြက်သွန်နီ၊ နံနံပင်၊ သံပုရာသီးစိတ်

မန်းတလေး ပဲကြော်

ပဲကြော်

ကြက်ဥကဒ်

မုန့်ဟင်းခါး

မုန့်ဟင်းခါး ဟင်းရည်ထည့်အပြီး

ဆီချက်ခေါက်ဆွဲ

အမဲသားမျှင်ကြော်

ဆီချက်ခေါက်ဆွဲ နှင့် အမဲသားမျှင်ကြော်

ငုံးကြော်

Featured

နေရာ

တချို့လူတွေက ခေါင်းဆောင်လည်း လုပ်ချင်သေးတယ်။ အရည်အချင်းကျတော့လည်း မရှိ။
အဲဒီအခါမှာ သူတပါးရဲ့ weak point တွေကို highlight လုပ်ပြီး ….
မရှိမဲ့ ရှိမဲ့ သူတို့ရဲ့ အရည်အချင်းကို ( point view ) သိသာထင်ရှားအောင်လုပ်ပြီး မတန်မရာ ခေါင်းဆောင်နေရာကို အတင်းလုယူတတ်ကြတယ်။
အဲဒီလိုလူစားမျိုးတွေက သိပ်ကြောက်ဖို့ကောင်းသလို … အတွေးအခေါ်တွေကလည်း မထင်ရက်စရာကောင်းလောက်အောင် တဖက်သတ် စွတ်ဆွဲ ပုတ်ခတ်တတ်ကြတယ်။ တဖက်လူ သာယာချမ်းမြေ့နေတာကိုလည်း မနာလို မရှု့စိတ်တတ်ကြသလို တဖက်လူ သာသွားမှာလည်း ကြောက်တတ်ကြတာမို့ တဖက်လူ ရသင့်ရထိုက်တဲ့ benefit တွေကိုလည်း ပညာသားပါပါ အတင်းလုယူတတ်ကြတယ်။
ကိုယ်ကတော့ အဲဒီလို လူစားမျိုးနှင့် မကြုံဆုံချင်ပဲ ကြံုလာရင် မေတ္တာပို့ပေးပြီး … ရှောင်ထွက်သွားတတ်တာများတယ်။ မပတ်သက်ချင်ဘူး။
ကိုယ်တစ်ယောက်တည်း ဘယ်သူ့ အကူအညီမှ မပါဘဲ ကိုယ့်ဘဝကို … ကိုယ့်အားကိုယ်ကိုးပြီး …. ကိုယ် ဘယ်လို ဖြတ်သန်းခဲ့ရတယ်ဆိုတာ အားလုံး သိပြီးသားပါ။

မွေးနေ့မှစ သက်ဆုံးတိုင် သားသား၊ မီးမီးနှင့် ပျော်ရွှင်ရပါလို၏

Birthday cake

ပထမဦးဆုံး .. ကိုယ့်ကို လူလောကထဲရောက်အောင် မွေးဖွားပေးခဲ့သော ကျေးဇူးရှင် မေမေ ကောင်းရာသုဂတိ လားပါစေ …

ဒီနေ့ မြန်မာပြက္ခဒိန် – တန်ခူးလဆန်း ( ၁၀ ) ရက်နေ့ – ကျေးဇူးရှင် ဖေဖေ၏ ( ရ၈ ) နှစ်ပြည့် မွေးနေ့ နှင့် အင်္ဂလိပ်ပြက္ခဒိန် ၂၀၁၃ – ဧပြီလ ( ၂၀ ) ရက်နေ့ – ကိုယ်၏ ( ၄၀ ) နှစ်ပြည့် မွေးနေ့ သွားတိုက်ဆိုင်နေပါသောကြောင့် ဒီနှစ်က အမှတ်တရ အရှိဆုံး မွေးနေ့ ရက်မြတ်ပါ။

ဖေဖေ .. ကျန်းမာပါစေ .. ဖေဖေ .. ကိုယ်၊ စိတ် နှစ်ဖြာ ကျန်းမာ၊ ချမ်းသာပြီး ဘေးဥပါဒ် အန ္တရာယ် ကင်းရှင်းပါစေ … ဖေဖေ .. အသက်ရာကျော်ရှည်ပါစေ …

ဖေဖေကို လေလှိုင်း ဆက်သွယ်မှု့ကနေ ရှိခိုးကန်တော့ပြီးပါပြီ။ အမြဲတမ်း သတိရပါတယ်။ မေမေကိုလည်း သတိရတယ်။ အဝေးရောက်အောင် ပို့လိုက်တဲ့ ကံဇာတာကိုလည်း ပြင်ချင်တယ်။

သမီးလေး မုန့်ဖုတ်ပေးသော မွေးနေ့ကိတ်
Google’s birthday wish home page

Thanks * lot for Birthday wish, Google Team!

မွေးနေ့ကိတ် ပေါ်မှာ cursor ထားလိုက်ရင် ” Happy Birthday Thet ” ပေါ်လာတယ်။

  Google Plus

Facebook က ကိုယ့်ကို Birthday wish မလုပ်ပေးဘူး။ Google Plus က ကိုယ့်ကို Birthday wish လုပ်ပေးတယ်။ မွေးနေ့ကိတ်ပုံစံ Google sign ကို နှိပ်လိုက်ရင် ကိုယ့်ရဲ့ Google plus – Profile ကို ရောက်လာပါတယ်။

Whipping cream
Chocolate
Cocoa Powder
Milk
9 ¾ in – Spring Form Pan
ဘေးက ကလစ်ကို ဖြုတ်လို့ရတယ်။
အောက်ခံ အဝိုင်း
 Cocoa Powder
ချောကလက်ကိတ်မှာ ပါ၀င်ပစည်းတွေက –
  1. 1 tbsp – butter
  2. 2 cup – sugar
  3. 1 3/4 cup – Flour
  4. 3/4 cup – Cocoa Powder
  5. 1 1/2 tsp – baking powder
  6. 1 1/2 tsp – baking soda
  7. 1 tsp – salt
  8. 2 – egg
  9. 1 cup – milk
  10. 1/2 cup – oil
  11. 2 tsp – vanilla extract
  12. 1 cup – hot coffee
  • Preheat oven – 350ºF – 30 min ~ 35 min ( For 2 cakes )
  • Preheat oven – 350ºF – 50 min ~ 55 min ( For 1 cake )

အရင်ဦးဆုံး –

  1. ကြက်ဥ ၂ လုံးကို မွှေစက်ဖြင့် မွှေပါ
  2. ထောပတ် ( ထမင်းစားဇွန်း – ၁ ဇွန်း ) ထည့်မွှေပါ။
  3. သကြား – ၂ ခွက် ထည့်မွှေပါ။
  4. Cocoa Powder / Baking powder / Baking Soda / salt / Flour / Milk ထည့်မွှေပါ။
  5. ဆီ၊ ဗီနီလာ အမွှေးဆီ ထည့်မွှေပြီးပါက
  6. နောက်ဆုံးမှာ ကော်ဖီ တခွက်ကို ထည့်မွှေပါ။
  7. မုန့်သား ညက်နေအောင် ၅ မိနစ် ကျော်လောက် မွှေပါ။

၉ လက်မ ကိတ်မုန့်ဖုတ်သော အဝိုင်းထဲမှာ ချောကလက်ကိတ်ကို ကိတ်မုန့်သား ၂ တုံး ဖုတ်မည်ဆိုလျှင် ခွက် ၂ ခု လိုပါသည်။
ခွက်ထဲမှာ တဝက် စီ မုန့်နှစ်ရည် ထည့်ပြီး ကိတ်မုန့် နှစ်ခုစာ မုန့်ဖုတ်လို့ရပါတယ်။

ပူနေအောင် ကြိုတင်ဖွင့်ထားသော Preheat oven မှာ 350ºF – 30 မိနစ် မှ 35 မိနစ်ထိ ကိတ်မုန့်ဖုတ်ပါ။ ( ကိတ်မုန့် ၂ ခု စာ အတွက် )

မုန့်နှစ်ရည် အားလုံးကို ကိတ်မုန့် တစ်ခု စာ အတွက်ပဲ ဆိုလျှင် Preheat oven – 350ºF – မိနစ် ၅၀ လောက် ကိတ်မုန့် ဖုတ်ရပါမည်။

ကိတ်မုန့်သားကျက်၊ မကျက်ကို သွားကြားထိုးတံ ဖြင့် မုန့်၏ ခလယ်ကောင် နေရာကို ထိုးပြီး မုန့်နှစ်ရည်များ သွားကြားထိုးတံမှာ ကပ်ပါလာတယ် ဆိုလျှင် မုန့်သား မကျက်သေးပါဘူး။ မကပ်ပါလာဘူးဆိုလျှင် မုန့်သားကျက်ပါပြီ …

မုန့်ဖုတ်အပြီး Pan ၏ ကလစ်ကို သားသား ဖြုတ်နေတာ။
အောက်ခံ အဝိုင်း သပ်သပ်၊ ဘေး အဝိုင်း သပ်သပ်မို့ ကိတ်မုန့် လှလှပပ ..
ကိတ်သား ဖောင်းဖောင်းကြွကြွ
ဓါးဖြင့် ရှပ်ပြီး လှီးဖြတ်လိုက်တယ်။
လှီးဖြတ်လိုက်သော ကိတ်သားကို သားသား၊ မီးမီး ချက်ချင်း စားလို့ ရပါပြီ …
မျက်နှာပြင် ညီညီညာညာလေး
 ချောကလက်တုံးကို ဓါးဖြင့် ရှပ်ပြီး ခပ်ပါးပါးလှီး
ဇွန်း သေးသေးဖြင့် ချောကလက်တုံးကို အုန်းသီးခြစ်သလိုမျိုး ခြစ်လို့လည်း ရသည်။
အဲဒါဆိုရင် နှင်းဆီပွင့်ဖတ် ချောကလက် အလွှာအချပ် ပုံစံမျိုး ဖြစ်နေလိမ့်မည်။
ချောကလက် အမျှင်၊ သေးသေးမျှင်များ
 ကြွေဇလုံထဲထည့်
 သကြား – 1/2 cup
ချိုတာ ကြိုက်လည်း – 3/4 cup လောက် ထည့်လို့ရသည်။မွှေစက်ဖြင့် အရင်ဆုံး heavy wipping cream ကို တမိနစ်လောက် high speed ဖြင့် မွှေပါ။
တစ်မိနစ်ခြားဆီ သကြားကို ထမင်းစားဇွန်း ၁ ဇွန်းကျော်လောက် ထည့် ထည့်ပြီး မွှေစက်ဖြင့် ဆက်တိုက် မွှေသွားပါ။
၇ မိနစ်လောက် မွှေပြီးလျှင် ကိတ်မုန့်ပေါ်မှာ သုပ်သော cream ကို ရရှိနိုင်ပါသည်။
အရောင် ထည့်လို့လည်း ရပါသည်။
ရလာသော ကိတ် ခရမ်ကို သမီးက ကိတ်မုန့် ပေါ်မှာ သုပ်နေတာ
  ဘေးဖက်တွေလည်း လိုက်သုပ်
 ကိတ်မုန့်သား အဝိုင်း ဘေးပတ်ပတ်လည်လည်ကို ခရမ်ကို ပလပ်စတစ်အိတ်ထဲထည့်ပြီး လက်ကို ကောက်ကြောင်းရေးရင် တွန့်သလိုမျိုး လိုက်တွန့်ပြီး ကိတ် ပတ်ပတ်လည်လည် ခရမ် ရေးဆွဲထားပြီး
အလယ်မှာ ချောကလက်မျှင်များ ဖြူးးနေသော သမီး
ဒီအရသာ ချောကလက် ကိတ်ကို ကြိုက်တာမို့ ချောကလက်များများ၊ ခရမ်များများ
Black forest cake နှင့် တူသွားအောင် ချယ်ရီသီးများ ထည့်
ချယ်ရီက ဒီအချိန် မပေါ်ဘူး။
ဒါကြောင့် ရေခဲရိုက် ချယ်ရီသီး
မွေးနေ့ – ကော်ရည်
 ကော်ရည်ခေါက်ဆွဲ
 ကော်ရည် ဟင်းအိုး
အသက် ( ၄၀ ) ပြည့် မွေးနေ့ရှင်
မာမီဘေးနားမှာ တချိန်လုံး နေပေးသော သားသား နှင့် သမီး
 အမေကို အရမ်း သိတတ်၊ လိမ္မာသော သမီးလေးနှင့် အတူ
 သက်ဆုံးတိုင် ပျော်ပျော်ရွှင်ရွှင် နေရပါလို၏ …
စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းများဖြင့် ပြည့်စုံရပါလို၏ …
သွားလေရာ .. လာလေရာ အရပ်ရှစ်မျက်နှာတိုင်းမှာ … သူတော်ကောင်း၊ သူမြတ်လောင်းများနှင့်သာ တွေ့ဆုံရပါလို၏ …
ဘေးဥပါဒ် အန ္တရာယ် ခပ်သိမ်း ကင်းဝေးရပါလို၏ …
 မွေးနေ့ရှင် နှင့် မွေးနေ့ကိတ်
 
မွေးနေ့ကိတ် နှင့် မွေးနေ့ ကော်ရည် ခေါက်ဆွဲ
ကြက်ဥခေါက်ဆွဲဖတ် ( WONTON ) ၊ မှိုပြုတ်၊ ကန်စွန်းရွက်ပြုတ်၊ ရေနွေးဖျော ပဲပင်ပေါက်၊ ၀က်နံရိုး၊ ကြက်သွန်ဖြူ ဆီချက်၊ ငပိထောင်း
 ပဲပင်ပေါက်ကို အမျှင် သင်ပြီး ရေနွေး ဖျော ရုံလေးပဲ..
မပြုတ်ဘူး။ အဲဒါမှ စားကောင်းတာ